Pre-sea psycho assessment procedure Name : အမည် * NRC No : နိုင်ငံသားအမှတ် * Date of Birth : မွေးသက္ကရာဇ် (dd/mm/yy) * Education : ပညာအရည်အချင်း * Assessment Date : စစ်ဆေးသောရက်စွဲ Phone Number : ဖုန်းနံပါတ် * Marital Status : အိမ်ထောင်ရေးအခြေအနေ * SingleMarriedDivorcedOther Gender : MaleFemale Personality Screening Questionnaire (P.S.Q) ပေးထားသော အဆိုများကို သေချာစွာဖတ်ရှုပြီး သင်နှင့်ကိုက်ညီသော အဆိုတစ်ခုကိုရွေးချယ်၍ အမှန်ခြစ် အမှတ်အသားဖြင့်ဖြေဆိုပါ။ SOC ၁။ (က) ကျွန်ုပ်တွင် မိတ်ဆွေအပေါင်းအသင်းများတယ်။(ခ) ကျွန်ုပ်တွင် မိတ်ဆွေအပေါင်းအသင်းနည်းတယ်။ ၂။ (က) ကျွန်ုပ်မသိတာရှိလျှင် သူများတွေကိုမေးဘို့ဝန်လေးတယ်။(ခ) ကျွန်ုပ်မသိတာရှိလျှင် သူများကိုမေးတယ်။ ၃။ (က) ကျွန်ုပ် စကားပြောများတယ်။(ခ) သူများပြောတာနားထောင်တယ်။ ၄။ (က) ကျွန်ုပ်ရဲ့စိတ်ခံစားမှုတွေ ထုတ်ပြောဖို့ဝန်လေးတယ်။(ခ) ကျွန်ုပ်ရဲ့ရင်ထဲက ခံစားမှုတွေကို ဖွင့်ပြောလိုက်ရမှကျေနပ်တယ်။ ၅။ (က) ဆူဆူညံညံစကားဝိုင်းထဲ ကျွန်ုပ်ဝင်ပါတတ်တယ်။(ခ) ကျွန်ုပ်အေးအေးဆေးဆေးပဲနေတတ်တယ်။ ၆။ (က) ကျွန်ုပ်တစ်ယောက်ထဲ စာဖတ်နေလေ့ရှိတယ်။(ခ) ကျွန်ုပ်အများနဲ့ ကစားနေတတ်တယ်။ ၇။ (က) ဘယ်ကိစ္စမဆို ကျွန်ုပ်စိတ်အလိုအတိုင်းဖြစ်ချင်တယ်။(ခ) သူများတွေရဲ့ အလိုလိုက်အကြိုက်ဆောင်ပေးရတာနှစ်ခြိုက်တယ်။ ၈။ (က) သူစိမ်းတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ဝန်မလေးဘူး။(ခ) ကိုယ်နဲ့ရင်းနှီးသူတွေနဲ့သာနေချင်တယ်။ ၉။ (က) ကျွန်ုပ်တစ်ဦးထဲနေရတာပဲ လွတ်လပ်တယ်။(ခ) အပေါင်းအသင်းမရှိရင် မနေတတ်ဘူး။ ၁၀။ (က) သူများတွေနဲ့နေရတာပျော်တယ်။(ခ) ကျွန်ုပ်တစ်ယောက်ထဲ နေရတာပျော်တယ်။ FR ၁။ (က) ကြိုးစားသလောက် အရာမရောက်သလိုပဲ(ခ) ကြိုးစားက ဘုရားဖြစ်နိုင်တယ် ၂။ (က) စိတ်အလိုမကျလို့ မခံချိမခံသာဖြစ်ရတယ်(ခ) ကျေနပ်ဝမ်းသာတဲ့အခါ ပီတိဖြစ်ရတယ် ၃။ (က) ထင်ထားရင်မလွဲ(ခ) မျှော်လင့်သလို ဖြစ်လာခဲတယ် ၄။ (က) လုပ်ချင်တာတွေလုပ်ရလို့ ကျေနပ်တယ်(ခ) လုပ်ချင်တာတွေ မဖြစ်ရင်ဘဝင်မကျဘူး ၅။ (က) လိုချင်တာမရတဲ့အခါ ဖြေသိမ့်လွယ်တယ်(ခ) လိုချင်တာကို ရအောင်ယူပြတတ်တယ် ၆။ (က) တခုခုလုပ်တော့မယ်ဆိုလျှင် ကန့်ကွက်သူတွေပေါ်လာတတ်တယ်(ခ) ဆုံးဖြတ်ပြီးရင် နောက်မဆုတ်ဘူး ၇။ (က) အလိုက်သိသူတွေနဲ့ နေရရင်ပျော်တယ်(ခ) လူအများဟာ ကျုပ်အလိုကိုမသိကြဘူး ၈။ (က) အကြံအစည်တစ်ခုပေါ်လာရင် စမ်းသပ်ကြည့်တယ်(ခ) စိတ်ကူးကောင်းတိုင်း အလုပ်မဖြစ်ဘူး ၉။ (က) ကြိုးစားခဲ့သမျှ အောင်မြင်တယ်(ခ) အခက်အခဲမျိုးစုံ ကြုံပြီးမှအောင်မြင်တယ် ၁၀။ (က) ဘဝပန်းတိုင်ရောက်အောင် ကြိုးစားရတာမလွယ်ဘူး(ခ) အလွယ်တကူရတာဆို တန်ဘိုးမထားဘူး AS ၁။ (က) မူဘောင်အတွင်းက လုပ်ရတာအကျိုးအမြတ်နည်းတယ်(ခ) ဖြတ်လမ်းက သူဌေး ဖြစ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ် ၂။ (က) အများနဲ့မတူအောင်လုပ်နိုင်မှ ထင်ပေါ်တယ်(ခ) သူများအထာကိုကြည့်ပြီး ဆက်ဆံရတယ် ၃။ (က) အမိန့်နာခံတာဟာ ဉာဏ်နှိမ့်သူတွေရဲ့လုပ်ရပ်ပဲ(ခ) အမိန့်နာခံတတ်မှ အလုပ်ဖြစ်တယ် ၄။ (က) ခံရတယ်ဆိုတာ ညံ့လို့ပါ(ခ) မဟုတ်မခံပြန်ပြောနိုင်မှ တော်ကာကျတယ် ၅။ (က) မဟုတ်တာလုပ်သူတွေကိုစိတ်ရှိသလောက်ဆုံးမလိုက်ချင်တယ်(ခ) မဟုတ်တာလုပ်သူတွေကို အမြင်မှန်ရစေလိုတယ် ၆။ (က) ဒီလောကကြီးမှာ လူစွာလုပ်နိုင်မှတော်ကာကြမယ်(ခ) စည်းကမ်းဘောင်အတွင်းမှာနေနိုင်မှ အဆင်ပြေတယ် ၇။ (က) လက်ရဲဇက်ရဲနိုင်မှ သတ္တိ(ခ) သိတတ်မှ သတ္တိ ၈။ (က) စည်းကမ်းဆိုတာ အုပ်ချုပ်သူတွေရဲ့ သတ်မှတ်ချက်ပဲ(ခ) စည်းကမ်းတွေရှိမှ ငြိမ်းဝပ်ပိပြားတယ် ၉။ (က) အပေါင်းအသင်းကောင်းရင် ဘာမဆိုလုပ်တယ်(ခ) တစ်ယောက်တည်းနေရတာ အေးချမ်းတယ် ၁၀။ (က) အများကမှားတယ်ပြောပေမဲ့ အကျိုးအမြတ်ကြည့်ပြီးဆက်လုပ်နေမိတယ်(ခ) အများကမှားတယ်ပြောပေမဲ့ ရှောင်ချင်ဘို့ခက်တယ် IMP ၁။ (က) ကျွန်ုပ် စိတ်မြန်လက်မြန်လုပ်တတ်တယ်။(ခ) ကျွန်ုပ် စိတ်အေးလက်အေးလုပ်တတ်တယ်။ ၂။ (က) လုပ်စရာရှိရင်ဖြေးဖြေးလုပ်မှ မှန်ကန်တိကျမယ်။(ခ) လုပ်စရာရှိရင် မြန်မြန်ပြီးမှ စိတ်အေးရတယ်။ ၃။ (က) ကျွန်ုပ်ကို စိတ်လောသူလို့ပြောကြတယ်။(ခ) ကျွန်ုပ်ကို စိတ်အေးသူလို့ပြောကြတယ်။ ၄။ (က) ကျွန်ုပ်အစားအသောက်တွေကို အရသာခံပြီးစားတယ်။(ခ) ကျွန်ုပ်အစားအသောက် မြန်တယ်။ ၅။ (က) ဘာပဲလုပ်လုပ် မြန်မြန်နဲ့အလုပ်ဖြစ်ဖို့ အရေးကြီးတယ်။(ခ) တစ်ခုခုမလုပ်ခင် အများကြီးစဉ်းစားတယ်။ ၆။ (က) ကျွန်ုပ်လုပ်တာကိုင်တာ နှေးလွန်းလို့ မိဘတွေကတွန်းနေရတယ်။(ခ) ကျွန်ုပ်ကိုဖြေးဖြေးလုပ်ဖို့ ဆရာမိဘတွေက ဆုံးမရတယ်။ ၇။ (က) အေးအေးဆေးဆေး ကစားရတာကိုပိုကြိုက်တယ်။(ခ) လျင်မြန်ဖြတ်လတ်တဲ့ ကစားနည်းကိုပိုကြိုက်တယ်။ ၈။ (က) ကျွန်ုပ် အစဉ် လှုပ်ရှားတက်ကြွနေတတ်တယ်။(ခ) ကျွန်ုပ်စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ စဉ်းစားနေလေ့ရှိတယ်။ ၉။ (က) ထစ်ခနဲဆို ကျွန်ုပ် ကိုယ့်စိတ်ကိုထိန်းတယ်။(ခ) ထစ်ခနဲဆို ကျွန်ုပ် လက်ပါတတ်တယ်။ ၁၀။ (က) ကျွန်ုပ်စိတ်ထဲ သည်းမခံနိုင်ရင် ထထွက်သွားတယ်။(ခ) ကျွန်ုပ်စိတ်ထဲ သည်းမခံနိုင်ရင်လည်းကြိတ်မှိတ်ခံနေရတယ်။ SUSP ၁။ (က) နောက်ကွယ်မှာ ကျုပ်အကြောင်းတွေပြောနေကြတယ်လို့ ထင်မိတယ်။(ခ) နောက်ကွယ်မှာ သူတို့ဖာသာသူတို့နေကြတယ်လို့ ထင်မိတယ်။ ၂။ (က) သာမန်ထက် ပိုခင်မင်လာသူတွေကို အားကိုးသင့်တယ်လို့ထင်တယ်။(ခ) သာမန်ထက်ပိုခင်မင်လာသူတွေကို သတိထားသင့်တယ်။ ၃။ (က) ကျုပ်ရဲ့ အမူအရာ၊ အပြောအဆိုတွေကို သူများတွေမကြိုက်ကြဘူးထင်တယ်။(ခ) ကျုပ်ရဲ့ အမူအရာ၊ အပြောအဆိုတွေကို နှစ်ခြိုက်မလားဆိုတာမသိဘူး။ ၄။ (က) ကျုပ်ကို ပြိုင်ဘက်တွေက မကြည်ကြဘူး။(ခ) ကျုပ်ကို မနာလိုသူတွေရှိတယ်လို့ထင်တယ်။ ၅။ (က) နောက်ကွယ်မှာ ကျုပ်ကို ဟားတိုက်ရယ်နေကြတယ်လို့ ခံစားရမိတယ်။(ခ) နောက်ကွယ်မှာ ကျုပ်ကို ဟားတိုက်ရယ်နေကြတာ အားပေးနေတယ်လို့ထင်တယ်။ ၆။ (က) စေတနာပိုလာသူတွေဟာ သဘောကောင်းသူတွေလို့ထင်တယ်။(ခ) စေတနာပိုလာသူတွေဟာ သူတို့အကြောင်းတွေရှိလာလိမ့်မယ်လို့ထင်တယ်။ ၇။ (က) အမှန်တရားကို နှစ်သက်ကြမယ်လို့ ထင်ထားပေမဲ့ ထင်သလိုမဟုတ်ဘူး။(ခ) အမှန်တရားကို နှစ်သက်ကြမယ်လို့ ထင်ထားပေမဲ့ နှစ်ခြိုက်သူနည်းတယ်။ ၈။ (က) ကျုပ်ကို နစ်နာအောင်လုပ်သူတွေကို ရင်ဆိုင်ခဲ့တယ်။(ခ) ကျုပ်ကို နစ်နာအောင်လုပ်သူတွေနဲ့ ကြုံခဲ့ရဖူးတယ်။ ၉။ (က) ကျုပ်ကို ဒေါသဖြစ်အောင်ဆွပေးမဲ့သူတွေရှိမယ်လို့ ခံစားမိတယ်။(ခ) ကျုပ်ကို ဒေါသဖြစ်အောင်ဆွပေးမဲ့သူတွေရှိပေမယ့် ခံနိုင်ပါတယ်။ ၁၀။ (က) သူများတွေ တိုးတိုးပြောနေတာတွေ့ရင် ကျုပ်နဲ့များပတ်သက်နေသလားလို့ ပြုံးမိတယ်။(ခ) သူများတွေ တိုးတိုးပြောနေတာတွေ့ရင် ကျုပ်နဲ့များပတ်သက်နေသလားလို့ တွေးမိတယ်။ PSQ(T/F) အောက်ဖော်ပြပါစာကြောင်းများကို သေချာစွာဖတ်ကြည့်ပါ။ သင့်သဘောထား၊ သင့်ခံစားမှု၊ သင့်အပြောအဆို၊ သင့်အပြုအမူနဲ့ ကိုက်ညီပါက မှန် ကိုရွေးပေးပါ၊ မကိုက်ညီပါက မှား ကိုရွေးပေးပါ။ ၁။ အသေးအဖွဲ့ ကိစ္စလေးများနှင့် စိတ်ရှုပ်ရတယ်။ မှန်မှား ၂။ အာခြောက်သလိုခံစားရတယ်။ မှန်မှား ၃။ အကောင်းမြင်စိတ်တွေ ပျောက်နေတယ်။ မှန်မှား ၄။ စိတ်တိုလို့ အသားတွေ တဆက်ဆက်တုန်နေတာ ရှိခဲ့ဖူးတယ်။ မှန်မှား ၅။ အခြေအနေအရပ်ရပ်ကို လိုအပ်တာထပ်ပိုပြီးတုံ့ပြန်မိတယ်။ မှန်မှား ၆။ ခြေတွေလက်တွေ တုန်သလိုခံစားရတယ်။ မှန်မှား ၇။ ကြိုးစာလုပ်နေရပေမဲ့ ထင်သလောက်အရာမရောက်ဘူး။ မှန်မှား ၈။ စကားပြိုင်ငြင်းရပြီဆို အနိုင်ရမှကျေနပ်တယ်။ မှန်မှား ၉။ စိတ်လျှော့ထားဖို့ ခဲယဉ်းတယ်။ မှန်မှား ၁၀။ မူးမူးမိုင်းမိုင်းဖြစ်ရတဲ့အခါတွေရှိတယ်။ မှန်မှား ၁၁။ စိတ်ဓာတ်ကျလွယ်တယ်။ မှန်မှား ၁၂။ ကျုပ်ကိုစိတ်ကြီးတယ်လို့ပြောကြတယ်။ မှန်မှား ၁၃။ စောင့်ရတာကြာရင် သည်းမခံနိုင်တော့ဘူး။ မှန်မှား ၁၄။ လှုပ်လှုပ်ရှားရှားမလုပ်ရပဲ ချွေးပြန်နေတာကို သတိထားမိတယ်။ မှန်မှား ၁၅။ စိတ်အားထက်သန်မှုတွေ လျော့လာတယ်။ မှန်မှား ၁၆။ အကြောင်းရှာမရပဲ စိတ်တိုရတဲ့အခါတွေရှိတယ်။ မှန်မှား ၁၇။ ကျွန်တော်ဟာ ခံစားလွယ်တယ်။ မှန်မှား ၁၈။ လုံလောက်တဲ့အကြောင်းမရှိပဲ စိတ်ပူတတ်တာဟာအကျင့်လိုပဲ။ မှန်မှား ၁၉။ လူတစ်ယောက်အနေနဲ့တန်ဖိုးမဲ့သလိုခံစားရတယ်။ မှန်မှား ၂၀။ အဆင်မပြေတာတွေကြုံရတဲ့အခါ စိတ်မခြေဘူး။ မှန်မှား ၂၁။ လူဘုံအလယ်မှာလေလည်ဖို့ခက်တယ်။ မှန်မှား ၂၂။ လည်ချောင်းထဲမှာ တစ်ဆို့ဆို့နေတယ်။ မှန်မှား ၂၃။ စိတ်မပျော်ပေမဲ့ လုပ်စရာရှိတာတွေလုပ်နေရတာပဲ။ မှန်မှား ၂၄။ ဘေးကလူတွေကိုတော်တော် သည်းခံနေရတယ်။ မှန်မှား ၂၅။ မကျေနပ်တဲ့အခါ စိတ်ထဲမှာမရိုးမရွခံစားရတယ်။ မှန်မှား ၂၆။ အိပ်ပျော်ဖို့ အချိန်အများကြီးယူရတယ်။ မှန်မှား ၂၇။ အတွေးတွေဆုံပြီးဝမ်းနည်းနေရတဲ့အခါတွေရှိတယ်။ မှန်မှား ၂၈။ မထိလေးစားလုပ်တဲ့သူတွေကိုတော့ မှတ်လောက်သားလောက်အောင် ဆုံးမလိုက်ချင်တယ်။ မှန်မှား ၂၉။ တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်မိပြီးရင်ပြန်လည်ငြိမ်သက်ဖို့ခက်တယ်။ မှန်မှား ၃၀။ ကျွန်တော်နှင့် မကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုလုပ်ရရင် အပြစ်ပြောခံရမှာစိတ်ပူတယ်။ မှန်မှား ၃၁။ တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် အသုံးမကျသလိုခံစားရတယ်။ မှန်မှား ၃၂။ ခုတလော ကျုပ်ဟာရန်ဖြစ်ဖို့ဝန်မလေးသလိုပဲ။ မှန်မှား ၃၃။ အလုပ်တစ်ခုလုပ်နေရင် ကပျက်ရပျက်လာလုပ်တဲ့သူကိုသည်းမခံနိုင်ဘူး။ မှန်မှား ၃၄။ လူအများရှေ့မှာ ကို့ယို့ကားယားဖြစ်မှာ စိတ်ပူမိတယ်။ မှန်မှား ၃၅။ ကျွန်တော့်အတွက် အနာဂတ်မှာ မျှော်လင့်စရာမရှိသလိုခံစားရတယ်။ မှန်မှား ၃၆။ စိတ်ထဲမှာမွန်းကျပ်တဲ့အခါ တွေ့ရာရိုက်ပစ်ချင်တယ်။ မှန်မှား ၃၇။ စိတ်ဂနာမငြိမ်သလိုခံစားရတဲ့အခါတွေရှိတယ်။ မှန်မှား ၃၈။ တစ်ခါတစ်ခါဘာမှန်းမသိပဲ ကြောက်ရွံ့သလိုခံစားရတယ်။ မှန်မှား ၃၉။ လုပ်ငန်းအရပ်ရပ်ကိုစတင်ဖော်ဆောင်ဖို့ အခက်အခဲတွေရှိနေတယ်။ မှန်မှား ၄၀။ မျက်စိရှေ့မှာ အမြင်မတော်တာတွေ့ရင် စိတ်တိုမိတယ်။ မှန်မှား